लोड हो रहा है

Slzii.com खोज

खोज (समाचार)

နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ဝတ်မှုန်ရွှေရည်တစ်ပြေးနေ
Credit to Popular Journal -ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက် ပုံဖော်ရိုက်ကူးထားသည့် နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုန်ရွှေရည်က တစ်ပြေးနေသည်။ “နတ်ဝင်သည်” ဆိုသည့် ဇာတ်ကားသည် ဝိညာဉ်၊ ပရလောကသား၊နတ်လောကနှင့် ပတ် သက်ဆက်နွှယ်သည့် ရုပ်ရှင်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြသည့် သရုပ်ဆောင်တစ်ဦးချင်းစီသည်လည်း အနုပညာစွမ်းရည် အံ့မခန်းပြောင်မြောက်စွာမြင်တွေ့ခဲ့ရသည်။ “နတ်ဝင်သည်” ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင်၊ ဇာတ်လမ်း/ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်တို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဖိုးတေး အဖြစ် အလင်းရောင်၊ လေးငုံအဖြစ် ဝတ်မှုံရွှေရည်၊ မညိုအဖြစ် ဖူးစုံ၊ ထွန်းအုံအဖြစ် ချာလီ၊ ဦးစံရအဖြစ် နေထက်လင်း၊ မယ်တုံအဖြစ် မျိုးသန္တာထွန်း၊ ဦးအောင်မောင်းအဖြစ် ညီနန္ဒ၊ စိတ်တုတ်အဖြစ် ပြည့် ကောင်းစုသန့် စသည့် သရုပ်ဆောင်များစွာက အပေးအယူမျှတစွာ ပုံဖော် သရုပ် ဆောင်ထားကြသည်။The post နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ဝတ်မှုန်ရွှေရည်တစ်ပြေးနေ appeared first on Popular.
2026-02-07 04:47:35

आप क्या कर रहे हो?

0.033421993255615


समाचार
समाचार

नवीनतम समाचार और सुर्खियाँ
Credit to Popular Journal -ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက် ပုံဖော်ရိုက်ကူးထားသည့် နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုန်ရွှေရ...
समाचार