Лоадинг

Slzii.com Претрага

Претрага (Вести)

ဆောင်းပြောင်းဖူးများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရနေ
Credit to Popular Journal -ပေါ်ဦးပေါ်ဖျား ဆောင်းပြောင်းဖူးများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရနေကြောင်း ပြောင်းစိုက်တောင်သူများ၏ပြောပြချက်အရ သိရသည်။ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ယခင်နှစ်ကထက် ဈေးကောင်းရနေခြင်းဖြစ်ကြောင်း သိရသည်။ ပြောင်းမချိုးခင်ရက်များအထိ ဈေးတန်းအကျဘက်ရှိနေရာမှ ပြီးခဲ့သည့်ရက်သတ္တပတ်ကစ၍ အတက်ဘက် ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ပြောင်းဖူးကို ပြည်တွင်းစားသုံးသူဈေးကွက်အတွင်း သကြားပြောင်းဖူးနှင့် ပြောင်းဖူးအစီးနှစ်မျိုးကိုသာ အဓိက အရောင်းအ၀ယ် ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်တွင် ယမန်နှစ်ဆောင်းပြောင်းဖူးပေါ်ချိန်က ပြောင်းဖူး(၁၀၀)လျှင် လက်ကားဈေး (၅၀၀၀၀) ကျပ်မှ (၆၀၀၀၀)ကျပ်ကြားရှိခဲ့သော်လည်း ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား လက်ကားဈေးပင်လျှင် (၈၀၀၀၀)ကျပ် နှင့် အထက်ရှိကြောင်း သိရသည်။The post ဆောင်းပြောင်းဖူးများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရနေ appeared first on Popular.
2026-02-11 11:34:48

шта то радиш?

0.042178869247437


Вести
Вести

Најновије вести и наслови
Credit to Popular Journal -ပေါ်ဦးပေါ်ဖျား ဆောင်းပြောင်းဖူးများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရနေကြောင်း ပြောင်းစိုက်တောင်သူများ၏ပြောပြချက်...
Вести