ఒక పేజీని సృష్టించండి
సమూహాన్ని సృష్టించండి
వ్యాసాలు
ఎజెండా
వినోదం
సామాజిక నెట్వర్క్
వార్తలు
ఉచిత చిహ్నాలు
ChatGPT
వికీ
పరిచయాలు
ఆటలు
వెబ్లో శోధించండి
ఉచిత ఇమెయిల్ / వెబ్మెయిల్
విశ్లేషణలు
వెబ్షాప్
డెవలపర్లు / యాప్లు
ఉపకరణాలు
పని
వెబ్ డైరెక్టరీ
చిన్న URL
ఉచిత ఉప-డొమైన్
రవాణా
దాచిన వికీ
లింకులు
Ip శోధన
ఈ వెబ్సైట్ అవసరమైన కుక్కీలను ఉపయోగిస్తుంది. మీ సమ్మతితో, మేము గణాంకాల కోసం Google Analytics కుక్కీలను ఉంచుతాము.
అంగీకరించు
తిరస్కరించు
లోడ్
عربي
ايمارا
Slzii.com వెతకండి
వెతకండి (వార్తలు)
దేశం
T
నెదర్లాండ్స్
బెల్జియం
థాయిలాండ్
నైజీరియా
జర్మనీ
స్పెయిన్
మెక్సికో
కొలంబియా
వెనిజులా
అర్జెంటీనా
ఉరుగ్వే
చిలీ
ఈక్వెడార్
ప్యూర్టో రికో
పెరూ
క్యూబా
బొలీవియా
కోస్టా రికా
డొమినికన్ రిపబ్లిక్
ఎల్ సల్వడార్
గ్వాటెమాల
హోండురాస్
నికరాగ్వా
పరాగ్వే
పనామా
ఫ్రాన్స్
ఐవరీ కోస్ట్
మొనాకో
కామెరూన్
కాంగో రిపబ్లిక్
గాబోన్
సెనెగల్
బెనిన్
ఈజిప్ట్
యునైటెడ్ అరబ్ ఎమిరేట్స్
ఖతార్
సౌదీ అరేబియా
మొరాకో
ఇరాక్
ట్యునీషియా
సూడాన్
యెమెన్
బహ్రెయిన్
ఇరాన్
బ్రెజిల్
పోర్చుగల్
ఐస్లాండ్
నార్వే
చైనా
తైవాన్
హాంగ్ కొంగ
మకావు
ఇజ్రాయెల్
నేపాల్
చెక్ రిపబ్లిక్
పోలాండ్
ఇటలీ
బంగ్లాదేశ్
వియత్నాం
టర్కీ
మలేషియా
బ్రూనై
దక్షిణ కొరియా
ఉత్తర కొరియ
ఇండోనేషియా
జపాన్
భారతదేశం
రష్యా
ఫిలిప్పీన్స్
ఉక్రెయిన్
స్విట్జర్లాండ్
ఫిన్లాండ్
లక్సెంబర్గ్
ఐర్లాండ్
ఎస్టోనియా
రొమేనియా
బల్గేరియా
సంయుక్త రాష్ట్రాలు
కెన్యా
సైప్రస్
గ్రీస్
లిచెన్స్టెయిన్
ఉగాండా
స్వీడన్
గ్రేట్ బ్రిటన్
నైజర్
పాకిస్తాన్
మంగోలియా
పాలస్తీనా
ఆర్మేనియా
ఆస్ట్రియా
ఆస్ట్రేలియా
కెనడా
డెన్మార్క్
అల్జీరియా
ఘనా
క్రొయేషియా
హంగేరి
కంబోడియా
శ్రీలంక
లిథువేనియా
లాట్వియా
మాల్టా
న్యూజిలాండ్
సీషెల్స్
సింగపూర్
స్లోవేకియా
దక్షిణ ఆఫ్రికా
అండోరా
జాంబియా
మారిషస్
టాంజానియా
వెళ్ళడానికి
అజర్బైజాన్
మోల్డోవా
స్లోవేనియా
బెలిజ్
కజకిస్తాన్
కిర్గిజ్స్తాన్
సెర్బియా
ఉజ్బెకిస్తాన్
బెలారస్
గినియా
జార్జియా
బోస్నియా మరియు హెర్జెగోవినా
జోర్డాన్
కువైట్
కొసావో
అల్బేనియా
మొజాంబిక్
ఆఫ్ఘనిస్తాన్
తజికిస్తాన్
మోంటెనెగ్రో
లిబియా
కాంగో-కిన్షాసా
లెబనాన్
జింబాబ్వే
సిరియా
మాలి
భూటాన్
ఈక్వటోరియల్ గినియా
రువాండా
మలావి
మయన్మార్
బోట్స్వానా
ఉత్తర మాసిడోనియా
బురుండి
జమైకా
ఇథియోపియా
న్యూ కాలెడోనియా
సియర్రా లియోన్
నమీబియా
లావోస్
తైమూర్-లెస్టే
మాల్దీవులు
హైతీ
బుర్కినా ఫాసో
ఒమన్
బహామాస్
సోమాలియా
బార్బడోస్
గ్రెనడా
పాపువా న్యూ గినియా
జెర్సీ
ఫిజీ
శాన్ మారినో
ఫ్రెంచ్ పాలినేషియా
ట్రినిడాడ్ మరియు టొబాగో
సురినామ్
లెసోతో
ఎరిత్రియా
సెయింట్ లూసియా
కేమాన్ దీవులు
అంగోలా
గాంబియా
మడగాస్కర్
లైబీరియా
మౌరిటానియా
గయానా
వనాటు
చాడ్
టాంగా
బెర్ముడా
తుర్క్మెనిస్తాన్
సమోవా
జిబౌటీ
కొమొరోస్
వాటికన్ నగరం
పలావ్
డొమినికా
కేప్ వర్దె
సెంట్రల్ ఆఫ్రికన్ రిపబ్లిక్
సింట్ మార్టెన్
సావో టోమ్ మరియు ప్రిన్సిపీ
యునైటెడ్ స్టేట్స్ వర్జిన్ దీవులు
కుక్ దీవులు
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၂)
burmese crime top
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၂) မိုးမခ ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၆ "ခွေးဆိုးခေတ်ပျောက် ၄၉၂၆" ရပ်ကွက်ထဲက ကလေးတွေ ပြေးရင်းလွှားရင်း အော်သွားကြတာ။ ဒီလိုဆိုတော့ ငလှိုင်ဂိန်ပြီပေါ့။ ဘယ်ကောင်က ချောက်ထဲ အပြတ်ကန်ချလိုက်တယ်မသိ။ မအလရော ရဲဝင်းဦးရော အရိုးတခြား အသားတခြားဖြစ်ပြီ။ ခွေးစားခံရတော့မယ်ဆိုတဲ့အထာ။ တောခွေးလား၊ မြေခွေးလား၊ ခွေးကို ခွေးစားတာတော့ ခံရတော့မယ်။ ချောက်ထဲမှာက မြေခွေးရော တောခွေးရော အပြည့်။ သူတို့ချင်းက တစ်ကောင်ကို တစ်ကောင်ချောင်း၊ တစ်ကောင်ဂျောင်း တစ်ဗိုက်ဝ၊ တစ်ဗိုလ်ကျ တစ်ဗိုလ်လုပ်တဲ့ ခွေးအုပ်။ ရခိုင်မှာလည်း အပိုင်း (၁)၊ ဇာတ်သိမ်း။ ကချင်မှာလည်း ဇာတ်သိမ်း၊ အပိုင်း (၁)။ ကရင်မှာလည်း နိဂုံးရဲ့ နိဒါန်း။ မန်းမှာတော့ ဒုဗိုလ်မှူးကြီးပါ ဒန်းစီး။ လေယာဉ်နှစ်စီးက အန္တိမဈာပန၊ နှစ်စီးက ဒုက္ခိတ။ အမျှ အမျှ မဝေကြ။ ၄၉၂၆ ဆိုတာ ၄ ထိပ် ၆ ပိတ်၊ ၄ နဲ့ ၆ ပေါင်းရင် ၁၀ ဘူ။ အလယ် ၉၂ ပေါင်း ၁၁ က တပ်မ ၁၁ ကို၊ ရခိုင်ကို သွားတိုက်တဲ့ ၁၁ မလုံးကို ဘူ ညှပ်ထားတယ်။ ရသေ့ အဖမ်းခံရတဲ့ဖိုင် ထွက်လာတော့ နိမိတ်က အားကောင်းသွားပြီ။ ရ-က ၄၊ သေ့-က ၆။ ရသေ့က ဘူကောင် ဖြစ်သလေ။ သူတော်စင်မဟုတ်။ သိုးရေခြုံထားတဲ့ မြေခွေး။ ဒါက စစ်တပ်လက္ခဏာ။ တိုင်းပြည်အနာဂတ်ကို တရက်ချင်း စားလာတာ နှစ် ၆၀ ကျော်ပြီ။ အခုတော့ ၄-၉၂-၆ ဆိုတာ ခွေးဆိုး-ခေတ်ပျောက်။ ခွေးတွေ ဆိုးတဲ့ခေတ် ပျောက်ပြီဆိုတဲ့ အဓိပ္ပာယ်။ ခွေးဆိုး ၄၉ ဟာ ၂၆ မှာ ခေတ်ပျောက်ပြီ။ "အကုသိုလ်ထု၊ နှိုင်းမတုသာ၊ ခုသည့်ယတြာ၊ မရဏာ" တဲ့။ ကိုယ့်ယတြာက ကိုယ့်ပြန်သတ်၊ ကိုယ့်ရှူးကိုယ်ပတ်၊ ကြမ္မာရဟတ် တစ်ပတ်လည်၊ မပြတ်အတွယ်ခံ၊ နေ့စဉ်ရန်မီး ထိန်ထိန်ညီး။ ဧရာမြစ်ပြင် မြောက်ပိုင်းဂွင်လည်း စစ်ယာဉ်တွေမြုပ်၊ စစ်ဦးထုပ်ချွတ်၊ စစ်ဝတ်စွန့်ကာ အမှောင်ခွာကြ။ ရခိုင်ရိုးမ အနောက်ဘက် ၁၁ မလည်း တက်သမျှကုန်။ အနောက်တောင်လည်း အပျောက်ဖျောင်။ တောင်ပိုင်းလည်း ရောင်ကိုင်း။ ပြည်မလည်း ချီ(ခြေ)ချစရာမရှိ။ စစ်အုပ်စုမှန်သမျှ အကျယ်ချုပ်ကျရတဲ့အခြေ၊ စစ်သားဆို တပ်ပြင်ထွက်ဖို့တောင် မဖြစ်နိုင်တော့တဲ့အနေ၊ ပြည်သူကို ပြုခဲ့တဲ့ အကုသိုလ်ဝဋ်တွေ တဖြည်းဖြည်း လာပြီလေ။ လေးမျက်နှာ တာကျိုးပြီဆိုကတည်းက နိမိတ်မကောင်းတော့။ ထပ်ဖို့လည်း ပြန်ပြန်ကျိုးဆိုတော့ ဖို့သမျှ ကျိုး၊ ပို့သမျှ ဒိုးမို့ ပစအားနဲ့မရ၊ အရပ်လေးမျက်နှာလုံး ဗုံးဗုံးလဲကျတော့မယ်ဆိုတာ သေချာသွားပြီ။ သင်္ဘောသီးတွေလည်း စင်းကောလှီးခံရသလို၊ ဟော- တံတားဦးမှာ အထူးစစ်ဆင် ဒရုန်းပျံဆင်း ငှက်သိုက်တွင်းဝင် ငှက်လည်ပင်းပြတ် အမြီးဖြတ်ကင် တောင်ပံချိုး ခြေကျိုးငှက်နှစ်ကင်၊ ရဲဝင်းဦး အရူးရိုးဖြစ်အင် မအလ ဖျင်ဝဒုတ်ကြီးဝင်။ အဲလို အဲလို နေ့ညဉ့်မပြတ် တပ်တွင်းအရွတ်အဖတ်တွေ ပေါ်နေပြီ။ ဒရုန်း ဒရုန်း ဒို့ဒရုန်းသည် ဝုန်းဝုန်းမည်ကာ စွာ၏လော။ စွာတေး စွာတေး။ ငှက်နှစ်ကောင်သည် အတောင်ကျွတ်ကာ မသာ မသာ။ လေကာမှူးလည်း ဘာကူးညာကူး ဘဝကူး။ တံတားဦးသည် ထူးတည့် ထူးတည့် အံ့ရာသား။ အင်း... ကုန်းရေနှစ်တန် ဆုံးလေပြန် ဘရန်တောက်တီး အကြောက်ကြီး ရီးတောင်မနိုင် မီးအောင်လှိုင် ဟေ့... မီးအောင်လှိုင် ရီးတောင်မနိုင် စစ်သားဘဝ ဆုံးခန်းတိုင် မီးအောင်လှိုင်ဘဝ ဆုံးခန်းတိုင်။ တစ်နိုင်ငံလုံး စစ်မီးဖုံး စစ်မီးဖုံးဟေ့ စစ်မီးဖုံး။ စစ်အုပ်စုကြီး ကြိမ်မီးအုံး ကြိမ်မီးအုံးဟေ့ ကြိမ်မီးအုံး။ စစ်မင်းဆက်ပြတ် လက်စတုံး လက်စတုံးဟေ့ လက်စတုံး။ သို့ကလို ကဗျာတွေ၊ စာတွေ၊ တဘောင်တွေ၊ စနည်းတွေ တပ်ထဲ၊ အရပ်ထဲ၊ ဇာတ်ထဲ ပေါ်ထွက်လာပြီ။ တကယ်တော့ စစ်အုပ်စုက စစ်သွားတိုက်တာမဟုတ်ဘူး။ စစ်သားဖြုံးရင်း လက်နက်ခဲယမ်း သွားထောက်ပံ့တာ။ ရိက္ခာသွားပို့တာ။ တကယ်တော့ စစ်တပ်က သွားမပို့ရင် တော်လှန်ရေးဘက်မှာ ရေရှည်တိုက်စရာ ကျည်ရှိဖို့တောင် မလွယ်။ ဘတ်ဘတ်ကြီးမေတ္တာကြောင့် ပစ်စရာတွေရှိ၊ ပစ်တာတွေထိ အတိအကျ အမိအရဖြစ်နေတာ။ အခြေအနေက စစ်မင်းဆက်ရဲ့ စစ်အုပ်ချုပ်မှု အဆုံးသတ်ဖို့ဆိုက်လာ။ ဒီတစ်ကြိမ်ဟာ ဘယ်လိုဘယ်အကြောင်းနဲ့မှ မသိမ်းသင့်တဲ့အာဏာကို သိမ်းလိုက်တဲ့ အကုသိုလ်မှုကြီး။ ဒီအကုသိုလ်မှု အကုသိုလ်ထုကြီးက စစ်အုပ်စုတစ်ခုလုံးကို ချေမွပစ်တဲ့အဆင့်ထိ ကြီးတာကလား။ တပြည်လုံးက အစိုးရနဲ့ပြည်သူ ကြည်ဖြူလက်တွဲ၊ တစ်ပြည်လုံးရဲ့အသက်ကို ကိုဗစ်လက်ထဲက ဆွဲထုတ်နေချိန်မှာ တစ်ပြည်လုံးရှူနေတဲ့ အောက်စီဂျင်ပိုက်ကို ဖြုတ်ပစ်လိုက်တဲ့ အကုသိုလ်ထုကြီးလေ။ ဒီစစ်စိတ်ဓာတ်မျိုးက တိုင်းပြည်နဲ့ကို မတန်တော့တာ။ ဒီစစ်တပ်မျိုးက တိုင်းပြည်ထဲမှာ ထားစရာကို အကြောင်းမရှိတော့တာ။ အနံ့အသက်ကို အကျန်မခံနိုင်တော့တာ။ အော့နှလုံးနာ စက်ဆုတ်ရွံရှာ မုန်းတီး နာကျည်းသွားပြီ။ ခွင်ဘမလွတ်နိုင်တော့။ ပြည်ထောင်စုပြိုကွဲမစိုးလို့ဆိုတာနဲ့ ဗိုလ်နေဝင်း အာဏာသိမ်းပြီး အဲဒီတစ်လုံးနဲ့ တိုင်းပြည်အမှောင်ဖုံးတဲ့ဇာတ်လည်း ဆက်ကလို့ မရတော့။ ခု မင်းအောင်လှိုင် အာဏာသိမ်းလိုက်လို့ ပြည်ထောင်စုက ပဲ့ထွက်သွားပြီ။ ရှမ်းမြောက်မရှိတော့။ စီမံကိန်းလိုလို ဘာလိုလိုနဲ့ ဟိုတိုင်း ဒီပြည်နယ်မှာ အပေါင်ဆုံးတွေလည်း များပြီ။ ဗိုလ်သန်းရွှေတို့ အာဏာသိမ်း အကြောင်းပြချက် တိုင်းပြည်ကြီး ချောက်ထဲ ကျရန် လက်နှစ်လုံး အလိုလည်း ဆက်လိုလို့မရတော့။ မီးအောင်လှိုင် အာဏာသိမ်းပြီးနောက် တိုင်းပြည်က အဝီဇိထိရောက်သွားပြီ။ စစ်တပ်ဟာ သူ ဦးထိပ်ပန်ဆင်ပါတယ်ဆိုတဲ့ တိုင်းပြည်ကာကွယ်ရေးအလုပ် ဘာတစ်ခုမှမလုပ်တော့။ တိုင်းပြည်ကို မီးတိုက်ပြီ။ ပြည်သူကို မီးမြှိုက်ပြီ။ တိုင်းပြည်ကို ရောင်းစားပြီ။ တိုင်းတပါးက ကိုယ့်မြေကို ကျူးကျော်သိမ်းပိုက်လာတာကို ဒူးတုပ်လက်အုပ်ချီ ရေစက်ချနေပြီ။ အဲသလို ဘာမှအသုံးမကျတဲ့အပြင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ပြန်သတ်နေတဲ့ကောင်တွေကို ဘယ်သူက ထမင်းဆက်ကျွေးထားနိုင်တော့မလဲ။ ပြီးသွားပြီ။ သည်းခံနိုင်တဲ့အဆင့် ကျော်သွားပြီ။ ဒေါ်စုနဲ့ပြည်သူရဲ့ ကရုဏာနဲ့ မေတ္တာကို မထီမဲ့မြင်ပြုပြီးတဲ့နောက် စစ်တပ်အဖို့ စည်းပေါက်သွားပြီ။ ဒေါ်စုရဲ့ ပညာနဲ့ ဩဇာကို ကန်ကျောက်ပြီးတဲ့နောက် စစ်တပ်ရဲ့အခန်းကဏ္ဍ ပျောက်ပြီ။ တိုင်းပြည်ကို ဖျက်ဆီးပြီးတဲ့နောက် နိုင်ငံသားတယောက်ဖြစ်ခွင့်ပါ ကုန်သွားပြီ။ ခုတော့ စစ်တပ်ဟာ တိုင်းပြည်ရန်သူလုံးလုံးဖြစ်လို့ လက်နက်ကိုင် ဗိုလ်ကျသူကို လက်နက်ဆွဲ ပြန်တော်လှန်ကြပြီ။ အကျအဆုံးက များ၊ တပ်ထဲဝင်တဲ့ စစ်သားသစ် မရှိတော့ ပိုးစိုးပက်စက် လူပြန်ပေးဆွဲကာ သူတို့အသက်ကို ကာကွယ်ကြရပြီ။ သူတို့မတရားစည်းစိမ်ကို ကာကွယ်ခိုင်းရပြီ။ ပြည်သူကို စစ်တပ်က မကာကွယ်။ ပြည်သူကို စစ်တပ်က ကာကွယ်ခိုင်းနေပြီ။ ဒါ နောက်ဆုံးဆေး။ ရပ်ကြိုရပ်ကြား လူမိုက်ထားပြီး လမ်းသွားလမ်းလာ ဖမ်းဆွဲ၊ မြန်မာစစ်တပ် 'စတန်းဒတ်အာမီ' ကြီးထဲ ဇွတ်အတင်းဆွဲသွင်းနေရပြီ။ တပ်လည်း ပျက်သလို တိုင်းပြည်ကြီးလည်း ပျက်သွားပြီ။ စစ်သားရဲ့အလုပ်က ပြည်သူကို သတ်တာနဲ့ ပြည်သူ့စည်းစိမ်ကို ဖျက်တာ၊ တိုင်းပြည်အနာဂတ်ကို သင်းကွပ်တာပဲ ရှိတော့ပြီ။ ဒီနည်းနဲ့ စစ်သက်ဆက်ဖို့ဟာ ကြာကြာမဖြစ်နိုင်။ မီးအောင်လှိုင် ခိုင်းသမျှ သင်္ချိုင်းဝချည်း။ မီးအောင်လှိုင် လက်ညှိုးညွှန်ရာ မသာဖြစ်။ မီးအောင်လှိုင် အူသမျှ ပူဖို့သက်သက်။ မီးအောင်လှိုင် ဟောင်သမျှ လောင်ဖို့သက်သက်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား Join Us @ MoeMaKa Telegram t.me@moemaka Please show your support, donate with Zelle Zelle to moemaka.org@gmail.com "MoeMaKa Multimedia" Like and Subscribe MoeMaKa YouTube Channel youtube.com/@moemaka Like us on MoemaKa Facebook Follow us on X X.com/MoeMaKa #MoeMaKaMedia #WhatsHappeningInMyanmar
2026-09-21 08:33:56
మీరు ఏమి చేస్తున్నారు?
లింకులు
ఆటలు
వెబ్లో శోధించండి
విశ్లేషణలు
ఉచిత ఇమెయిల్ / వెబ్మెయిల్
వెబ్షాప్
ఉచిత ఉప-డొమైన్
చిన్న URL
ChatGPT
ఉపకరణాలు
వెబ్ డైరెక్టరీ
Ip శోధన
వికీ
రవాణా
దాచిన వికీ
ఇతర ప్రాజెక్టులు
డెవలపర్లు / యాప్లు
ప్రచారం చేయండి
పని
వ్యాసాలు
ఎజెండా
పరిచయాలు
కంటెంట్ మేనేజ్మెంట్ సిస్టమ్
ఉచిత చిహ్నాలు
వినియోగదారు రకాలు
వార్తలు
వినోదం
సామాజిక నెట్వర్క్
0.019938945770264
వార్తలు
Moemaka
తాజా వార్తలు మరియు ముఖ్యాంశాలు
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၂) မိုးမခ ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၆ ခွေးဆိုးခေတ်ပျောက် ၄၉၂၆ ရပ်ကွက်ထဲက ကလေးတွေ ပြေးရင်း...
వార్తలు