లోడ్

Slzii.com వెతకండి

వెతకండి (వార్తలు)

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး

Popularmyanmar burmese crime top

Credit to Popular Journal - လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။ ထို့ပြင် အိမ်ထောင်စု ၈၂ စုအတွက် ရေဘူးပျော့ (Jerry Can) ၁၆၆ ခုကိုလည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဌာန ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့မှ ကြက်ခြေနီဝန်ထမ်းများနှင့် လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာရှိ သောက်သုံးရေလိုအပ်သည့် နေရာများတွင် ရေဖြန့်ဖြူးပေးလျက်ရှိသည်။ စစ်ကုန်းကျေးရွာ မူလတန်းကျောင်း၌လည်း သောက်ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်သည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ The post ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး appeared first on Popular .
2026-09-21 08:56:45

మీరు ఏమి చేస్తున్నారు?

0.022446155548096


వార్తలు
Popularmyanmar

తాజా వార్తలు మరియు ముఖ్యాంశాలు
Credit to Popular Journal - လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ က...
వార్తలు